Getting Ready

Are you Ready for Export?

သင်၏လုပ်ငန်းသည် ပြည်ပပို့ကုန်အတွက် အသင့်ဖြစ်ပြီလား

ပြည်ပသို့ မတင်ပို့မီ လုပ်ငန်း အသင့်အနေအထားရှိ/မရှိ သုံးသပ်ရန်နှင့် ပြည်ပပို့ကုန်လုပ်ငန်းလုပ်ဆောင်ရန် မည်သည့် အချက်များ လိုအပ်သည်ကို သေချာစွာသိရှိရန် အထူးလိုအပ်ပါသည်။

           ပြည်ပပို့ကုန်လုပ်ငန်းလုပ်ကိုင်ရန်အတွက် အချိန်နှင့်ငွေကြေးများစွာ စိုက်ထုတ်ရသကဲ့သို့ အားကောင်းသော စီမံခန့်ခွဲမှုကိုလည်း အထူးလိုအပ်ပါသည်။ ကုမ္ပဏီအများစုသည် လက်ရှိ အသားကျနေသော ပြည်တွင်းလုပ်ငန်းများမှ ခွဲထွက်ရသဖြင့် ကနဦးအဆင့်များတွင် အခက်အခဲများ၊ ဖိစီးမှုများ ရင်ဆိုင်ကြုံတွေ့ရသော်လည်း ရေရှည်တွင် အောင်မြင်မှုအသီးအပွင့်များကို ခံစားရပါလိမ့်မည်။

နိုင်ငံတကာနှင့်လုပ်ငန်းများစတင်ရန်မည်သည်တို့ကိုအသင့်ပြင်ဆင်ထားရမလဲ။

ပြည်ပပို့ကုန်လုပ်ငန်းအောင်မြင်ရန်အတွက် နိုင်ငံခြားစျေးကွက်များတွင် ဝယ်လိုအားရှိသောကုန်ပစ္စည်း၊ ဝန်ဆောင်မှု များလိုအပ်သကဲ့သို့ အောင်မြင်မှုရေရှည်တည်တံ့ရန်အတွက်လည်း ကျွမ်းကျင်မှု၊ သတင်းအချက်အလက်၊ ဝန်ဆောင်မှု၊ နည်းပညာ၊ တာဝန်ယူမှု၊ တာဝန်ခံမှု အစရှိသည့် အချက်များလိုအပ်ပါသည်။

ပြည်ပပို့ကုန်လုပ်ငန်းများအောင်မြင်စွာစတင်နိုင်ရန်အောက်ပါအချက်များအထူးလိုအပ်ပါသည်။

- လုပ်ငန်းစဉ်များကို အချိန်ကိုက်ချမှတ်ခြင်းနှင့် အားကောင်းသော စီမံခန့်ခွဲမှု။

- ပြည်တွင်းစျေးကွက်ရှိ မိမိလုပ်ငန်း၏ ခိုင်မာမှုအနေအထား။

(ဝယ်သူများနှင့်ငွေကြေးပံ့ပိုးသူတို့၏ယုံကြည်မှုရရှိစေရန်နှင့်လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရန်အတွက်လုံလောက်သောအရင်းအနှီးရရှိစေရန်)

-ကုန်ပစ္စည်း၊ဝန်ဆောင်မှုများကိုပြုပြင်မွန်းမံရန်၊နိုင်ငံတကာ၏စျေးကွက်သိုတင်ပို့ရန်နှင့်ခရီးစဉ်များအတွက်လိုအပ်သော ငွေကြေး၊ဝန်ထမ်းစသည့်အရင်းအမြစ်များ

-ပြည်ပပို့ကုန်နှင့်ဝန်ဆောင်မှုများအတွက်လိုအပ်သောကျွမ်းကျင်ဝန်ထမ်းများတိုးချဲ့ခန့်ထားမှု

-ပြည်ပပို့ကုန်ဆိုင်ရာအသိပညာများနှင့်ကျွမ်းကျင်မှုများ

လုပ်ငန်းအသင့်အနေအထားရှိ/မရှိကို ချင့်ချိန်ဆုံးဖြတ်ပါ။

သင်၏လုပ်ငန်းသည်အမှန်တကယ်အသင့်ဖြစ်သည့်အခါမှသာနိုင်ငံတကာစျေးကွက်အခင်းအကျင်းတွင်ဝင်ရောက်ယှဉ် ပြိုင်ရန်အထူးအရေးကြီးပါသည်။အသင့်အနေအထားမရောက်မီနိုင်ငံတကာစျေးကွက်သို့ထိုးဖောက်ရန်ကြိုးစားပါက မိမိ ကုမ္ပဏီကိုအမြန်ပျက်စီးစေပါသည်။ထို့ကြောင့်သင့်လုပ်ငန်း၏ပြည်ပပို့ကုန်အတွက်အသင့်ဖြစ်မှုအနေအထားကိုမှန်ကန် စွာ ချင့်တွက်ရန်တိုက်တွန်းပါသည်။

  ပြည်ပပို့ကုန်ဆိုင်ရာ လိုအပ်ချက်များနှင့် ရှင်းလင်းချက်များကို အောက်ပါလင့်(ခ)တွင်အသေးစိတ်ကြည့်ရှုနိုင်ပါသည်။ အဆိုပါလင့်(ခ)တွင်သင့်လုပ်ငန်း၏အသင့်ဖြစ်မှုကိုဆန်းစစ်နိုင်သည့်စံသတ်မှတ်ချက်များမေးခွန်းများဖော်ပြထားပြီး သင် ၏ ဖြေဆိုမှုအပေါ်မူတည်၍ထင်မြင်သုံးသပ်ချက်ပေးမည်ဖြစ်ပါသည်။သုံးသပ်ချက်မေးခွန်းဟောင်း(၂၃)ခုပါဝင်ပြီးတစ် ကြိမ်လျှင်မေးခွန်းတစ်ခုစီဖြေဆိုသွားရပါမည်။မေးခွန်းတစ်ခုစီ၏ရည်ရွယ်ချက်များကိုလည်းရှင်းလင်းဖော်ပြထားပါသည်။

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနများ (CITD)

Centers for International Trade Development (CITD)